Thursday, August 15, 2013

နိုင်ငံတော် ဘာသာနေ့(ရမည်းသင်းမြို့)

ရမည်းသင်းဒေသ နိုင်ငံတော်ဘာသာနေ့ကျင်းပမည်
======================================
၁၃၇၅-ခု ဝါခေါင်လပြည့်ကျော်(၅)ရက်(26 8 2013)တနင်္လာနေ့၌ ရောက်ရှိမည်ဖြစ်သော "ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခြင်း "(၅၂)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများကို ရမည်းသင်းဒေသများ၌ ကျင်းပသွားမည်ဖြစ်ပါသည် ထိုသို့ပြုလုပ်ရာ၌ သြဂုတ်လ(25)ရက်နေ့မှစပြီး ရမည်းသင်းမြို့ ဗုဒ္ဓဘာသာအိမ်တိုင်းအိမ်တိုင်း လမ်းတိုင်းလမ်းတိုင်း၌ သာသနာ့အလံများလွှင့်ထူပြီး ရမည်းသင်းတစ်မြို့လုံး သာသနာ့အလံများနှင့်လွှမ်းခြုံသွားနိုင်ရန် မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များအဖွဲ့မှ ဦးစီးဆောင်ရွက်သွားမည်ဖြစ်ပါသည် အခမ်းအနားကို သြဂုတ်လ(26)ရက်ညနေ(၄)နာရီ၌ ဦးဆောင်ဆရာတော်များ အသင်းအဖွဲ့များ ဆရာဆရာမများ ကျောင်းသူကျောင်းသားများနှင့် ရန်အောင်မြင်သာသနာ့ဗိမာန်တော်၌ ကျင်းပမည်ဖြစ်ပြီး ရန်အောင်မင်းကျောင်းဆရာတော်ဘုရားကြီးမှသြဝါဒကထာချီးမြှင့်ခြင်းနှင့်အတူ အိန္ဒိယ အင်ဒိုနီးရှား အာဖဂနနစ္စတန်နိုင်ငံတို့၌ဗုဒ္ဓသာသနာကွယ်ပျောက်ရပုံစာတမ်းများဖတ်ကြားခြင်း ကျောင်းသားကျောင်းသူများမှ ကဗျာများဖတ်ကြားခြင်း စသည်တို့ဖြင့်ပြုလုပ်ပြီး မြို့လုံးကျွတ် သာသနာ့အလံများစိုက်ထူခြင်းကို ရွှေပြည်ရန်အောင်လူမှုကူညီရေးအသင်း ဆန်းဒေးစကူလ်ဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာကော်မတီအဖွဲ့ ဓမ္မရက္ခိတပရဟိတအသင်း ရန်ကြီးအောင်ပရဟိတအသင်း ဝါတိုးအလယ်ပရဟိတအသင်း စသည့်အသင်းအဖွဲ့များက တာဝန်ယူသွားမည်ဖြစ်ပါသည်(သာသနာ့အလံများကို အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးသံဃာတော်များအဖွဲ့၌ထုတ်ယူနိုင်ပါသည်)
နိုင်ငံတော်ဘာသာနေ့ကျင်းပရခြင်းရည်ရွယ်ချက်
=================================
(၁)မျိုးဘာသာ သာသနာနှင့်နိုင်ငံတော်ကို မြတ်နိုးတန်ဘိုးထား၍ ကာကွယ်စောင့်ရှောက်လိုစိတ်များနိုးကြားထက်သန်ကြစေရန်
(၂)ယဉ်ကျေးသောဘာသာတရား အဆုံးအမများကို လိုက်နာ၍ကုသိုလ်ကောင်းမှုများကိုဆောင်ရွက်ကြစေရန်
(၃)ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်အင်အားကို မေတ္တာတရားဖြင့် တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသောငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ရန်

Wednesday, May 29, 2013

မင်္ဂလာပါ ရမည်းသင်းမြို့

ကဗျာတွေ မတင်ဖြစ်တာကြာပြီဗျာ။ အခုနောက်ပိုင်းတော့ ကဗျာတွေရော ရမည်းသင်းမြို့နဲ့ပတ်သက်တဲ့ သတင်းတွေပါ တင်ဖို့ အစီအစဉ်တွေရှိပါတယ်။ မိုဘိုင်းဖုန်းမှာလဲ App တစ်ခုအနေနဲ့ သုံးရအောင် လုပ်ဖြစ်မှာပါ။ အားလုံးစိတ်ချမ်းသာ ပြီးကိုယ်ကျမ်းမာကြပါစေ။