Thursday, August 15, 2013

နိုင်ငံတော် ဘာသာနေ့(ရမည်းသင်းမြို့)

ရမည်းသင်းဒေသ နိုင်ငံတော်ဘာသာနေ့ကျင်းပမည်
======================================
၁၃၇၅-ခု ဝါခေါင်လပြည့်ကျော်(၅)ရက်(26 8 2013)တနင်္လာနေ့၌ ရောက်ရှိမည်ဖြစ်သော "ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခြင်း "(၅၂)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများကို ရမည်းသင်းဒေသများ၌ ကျင်းပသွားမည်ဖြစ်ပါသည် ထိုသို့ပြုလုပ်ရာ၌ သြဂုတ်လ(25)ရက်နေ့မှစပြီး ရမည်းသင်းမြို့ ဗုဒ္ဓဘာသာအိမ်တိုင်းအိမ်တိုင်း လမ်းတိုင်းလမ်းတိုင်း၌ သာသနာ့အလံများလွှင့်ထူပြီး ရမည်းသင်းတစ်မြို့လုံး သာသနာ့အလံများနှင့်လွှမ်းခြုံသွားနိုင်ရန် မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များအဖွဲ့မှ ဦးစီးဆောင်ရွက်သွားမည်ဖြစ်ပါသည် အခမ်းအနားကို သြဂုတ်လ(26)ရက်ညနေ(၄)နာရီ၌ ဦးဆောင်ဆရာတော်များ အသင်းအဖွဲ့များ ဆရာဆရာမများ ကျောင်းသူကျောင်းသားများနှင့် ရန်အောင်မြင်သာသနာ့ဗိမာန်တော်၌ ကျင်းပမည်ဖြစ်ပြီး ရန်အောင်မင်းကျောင်းဆရာတော်ဘုရားကြီးမှသြဝါဒကထာချီးမြှင့်ခြင်းနှင့်အတူ အိန္ဒိယ အင်ဒိုနီးရှား အာဖဂနနစ္စတန်နိုင်ငံတို့၌ဗုဒ္ဓသာသနာကွယ်ပျောက်ရပုံစာတမ်းများဖတ်ကြားခြင်း ကျောင်းသားကျောင်းသူများမှ ကဗျာများဖတ်ကြားခြင်း စသည်တို့ဖြင့်ပြုလုပ်ပြီး မြို့လုံးကျွတ် သာသနာ့အလံများစိုက်ထူခြင်းကို ရွှေပြည်ရန်အောင်လူမှုကူညီရေးအသင်း ဆန်းဒေးစကူလ်ဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာကော်မတီအဖွဲ့ ဓမ္မရက္ခိတပရဟိတအသင်း ရန်ကြီးအောင်ပရဟိတအသင်း ဝါတိုးအလယ်ပရဟိတအသင်း စသည့်အသင်းအဖွဲ့များက တာဝန်ယူသွားမည်ဖြစ်ပါသည်(သာသနာ့အလံများကို အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးသံဃာတော်များအဖွဲ့၌ထုတ်ယူနိုင်ပါသည်)
နိုင်ငံတော်ဘာသာနေ့ကျင်းပရခြင်းရည်ရွယ်ချက်
=================================
(၁)မျိုးဘာသာ သာသနာနှင့်နိုင်ငံတော်ကို မြတ်နိုးတန်ဘိုးထား၍ ကာကွယ်စောင့်ရှောက်လိုစိတ်များနိုးကြားထက်သန်ကြစေရန်
(၂)ယဉ်ကျေးသောဘာသာတရား အဆုံးအမများကို လိုက်နာ၍ကုသိုလ်ကောင်းမှုများကိုဆောင်ရွက်ကြစေရန်
(၃)ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်အင်အားကို မေတ္တာတရားဖြင့် တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသောငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ရန်

Wednesday, May 29, 2013

မင်္ဂလာပါ ရမည်းသင်းမြို့

ကဗျာတွေ မတင်ဖြစ်တာကြာပြီဗျာ။ အခုနောက်ပိုင်းတော့ ကဗျာတွေရော ရမည်းသင်းမြို့နဲ့ပတ်သက်တဲ့ သတင်းတွေပါ တင်ဖို့ အစီအစဉ်တွေရှိပါတယ်။ မိုဘိုင်းဖုန်းမှာလဲ App တစ်ခုအနေနဲ့ သုံးရအောင် လုပ်ဖြစ်မှာပါ။ အားလုံးစိတ်ချမ်းသာ ပြီးကိုယ်ကျမ်းမာကြပါစေ။

Monday, September 3, 2012

နုံအလို့  ယုံကြည်ပေးခဲ့တာမဟုတ်ဘူး

နင်အောင်လံထူနိုင်ဖို့

ခက်ပြုံးပြုံးလေးခေါင်းညိတ်ပေးခဲ့ရုံပါ

လိမ်လို့ ဝပြီလား

လိမ်ရချင်းရဲ့အောင်မြင်မှုကို

စားသုံးပြီးရင် နင် သိပ်ပျော်တယ်ဟုတ်

ကျေနပ်ပြီးရင်းကျေနပ်နေတဲ့

မင်းရဲ့အောင်မြင်မှုအတွက်

ငါ လက်ခုတ်တီးပေးမယ်

လိမ်ပါ ညာပါ နင်ကျေနပ်တဲ့ထိ

ငါအလိမ်ခံနေမယ်

ကျေနပ်ပြီဆိုရင်လည်း

နောက်တစ်ယောက်ကို ဆက်လိမ်ပါအုံး

ကျေကွဲခြင်းတစ်ချို့သယ်ဆောင်ပြီး

ငါကတော့နောင်တတွေနဲ့ဝေးနေသေးတယ်

လွယ်လွယ်ကူကူမမုန့်းတက်တော့

လှည့်စားရက်သူ မင်းရဲ့အပြုံးတွေအောက်မှာ

ငါကတစ်ထောင့်တစ်ညသားကောင်ပေါ့ဟာ

အရာရာ အရှုံးပေးခဲ့ရတော့

ကျရှုံးခြင်းကိုတောင်

အရေထူထူနဲ့ ခံယူတက်နေပြီ

အပင်ပင်လိမ်နေတဲ့နင့်ကကြိုးအတွက်

ခဏလောက်ပြန်သုံးသပ်စမ်းပါ

အရှုံးပေးလိုက်သူတစ်ယောက်ရဲ့

မာနက အရာရာ ထက်

ထက်မြတ်တာနင်သိလား

ကျရှုံးခြင်းမှာ နာကျင်မှုရှိချင်ရှိမယ်

အရှုံးပေးချင်းမှာ နောင်တမရှိဘူးဟ

နင်ကတော့အစိတ်တွေကို

ပီတီတွေနဲ့ အရောင်တင်ထားတုန်းဘဲ

သတိတော့ထားပေါ့ဟာ

သားကောင်တွေ့တိုင်းထောင်ခြောက်ဆင်မနေနဲ့

ကိုယ့်ကြော့ကွင်းနဲ့ကိုယ်လည်းပြန် ပြန်ငြိနေအုံးမယ်...
 

By: cheery moon

Wednesday, August 29, 2012

အလွမ်းဆိုတဲ့ နန်းတော်ကြီးထည်းမှာ

မျှော်လင့်ချက်တွေ ဆောင်ရောင်ပြီး

ငါ့ကိုပျော်စေတယ်တဲ့လား
...

နှလုံးတစ်ခုလုံး ရင်းခဲ့ပြီးမှတော့

ဒီအလွမ်းတောထည်းမှာ

ပျော်သလိုသာ...ငါ...နေလိုက်ပါ့မယ်

မနေ့ကတော့ ဒီအလွမ်းနဲ့

ငါအိပ်စက်တယ် မနက်ဖြန်တိုင်းလည်း

ဒီအလွမ်းနဲ့ပဲ ငါနိုးထတယ်

ဒီနေ့ညလည်း မင်းအကြောင်းတော့

တွေးဖြစ်အုံးမှာပဲ....

နွေးထွေးတဲ့ရင်ခွင်ကို ငါ တမ်းတရင်း

မနက်ခင်း ရောင်ခြည်ကိုပဲ

အပြုံးတစ်ပွင့်နဲ့နုတ်ဆက်လိုက်တယ်

အချိန်နဲ့အမျှ နတ်လာတဲ့ဒဏ်ရာ

အဆင်ပြေသလိုကုစား

အမှားတစ်ချို့ကို ပြင်ဆင်ရင်း

ငါ့ကိုယ်ငါပဲ အားပေးလို့

သံဇဉ် အပြင်းစားတစ်ပုဒ်နဲ့

ဖြေသိမ့်လိုက်ပါ့မယ် အဝေးကချစ်သူရယ်။။။။။။။။။။။

By: Cherry Moon

Sunday, August 26, 2012

Cherry Moon

ငြိမ်သက်နေတဲ့

နှလုံးသား

ဒဏ်ရာတွေနဲ့

အိပ်ပျော်နေတာ

မင်းဘာကြောင့်

လှုပ်နိုးခဲ့သလည်း

မြတ်နိုးတယ်ဆိုလည်း

တန်ဖိုးတော့

ထားသင့်တာပေါ့

ကြိုက်တယ်ထင်လို့

ခဏကိုင်ကြည့်

ပိုလှတဲ့အရာတွေ့မှ

ပြန်ထားခဲ့ရအောင်

ငါကအလှပြထားတဲ့

ကုန်ပစ္စည်းမဟုတ်ဘူး

ဒီမှာ...ချစ်သူ

နင်ဂရုစိုက်ဖို့မေ့နေရင်လည်း

ငါ့အသည်းကိုပြန်လာပေး

နွေးထွေးတဲ့တစ်နေရာမှာ

ငါထာဝရသိမ်းဆည်းလိုက်မယ်

နောက်တစ်ခါတော့

ပြန်လာမတောင်းနဲ့

သူ့မှာပိုင်ရှင်ရှိချင်ရှိနေမှာ.....

By: A Gyi

Saturday, August 25, 2012

အသဲကွဲကောင်လေး

ငါပေးခဲ့တဲ့အချစ်က

ယုံကြည်ချက်နဲ့ အုပ်မြစ်ချခဲ့တာ ချစ်သူ

မခိုင်လုံတဲ့အကြောင်းပြချက်နဲ့

လမ်းခွဲဖို့မပြောပါနဲ့လား

ငါမင်းကိုကျောခိုင်းဖို့မဆိုထားနဲ့

အတွေးထည်းမှာတောင်မဝေးရဲသူပါ

လူဆိုတာ မာနနဲ့ပဲဟာ...

နှလုံးသားတစ်ခုလုံး

အနင်းခြေခံလိုက်ရမှတော့

နည်းနည်းတော့ခံပြင်းတာပေါ့

ငါကအချစ်ကို ဆော့ကစားတဲ့သူမဟုတ်သလို

အချစ်ကိုလည်း မကိုးကွယ်ခဲ့ဘူး

ဒါပေမဲ့ အရာအားလုံးထက်

မင်းကိုမြက်နိုးတယ်

မလိုအပ်တဲ့ ပုဒ်မှတ်တွေနဲ့

တမင်သက်သက်နာကျင်အောင်

ငါ့အသည်းကို အလဲမထိုးနဲ့ ချစ်သူ

ဒီလူရင်မှာဘယ်လောက်နာကျင်လည်းမင်းသိလား

အဆင်ပြေလားလို့တော့မမေးလိုက်နဲ့နော်

အဆင်ပြေပါတယ်လို့ ငါ မုသားမသုံးချင်ဘူး

တစ်ခုတော့ တောင်းဆိုပါရစေ

တွေဝေနေတဲ့မင်းနှလုံးသားထည်းမှာ

ငါဆိုတာ ရေးရေးလေးရှိနေသေးရင်

ခက်ဝေးဝေးကဖြစ်ဖြစ်

အားအင်တွေပေးပါအုံးချစ်သူရယ်

ငါဒီအားလေးနဲ့

မင်းနဲ့နီးဖို့ကြိုးစားချင်သေးတယ်။။။။။။။။။။
By: A Gyi

Friday, August 24, 2012

Cherry Moon

ချစ်ပါတယ်လို့ အကြိမ်ကြိမ် ငါ့အပါး

နားနဲ့မဆန့်အောင် ဆိုငြီးနေတက်တဲ့ချစ်သူ

လေထည်းကချစ်သူရေ...

ဒီရင်ဘက်တစ်ခြမ်းမှာတော့

နင့်တေးသွားလေးတစ်ချို့နဲ့

လမင်းသာလိုက် လမိုက်လိုက်ပေါ့

တစ်ခါတစ်လေတော့လည်း

ငါ့ကောင်းကင်က မြစ်တစ်စင်းစီးဆင်းနေလေရဲ့

အရောင်မှိန်နေတဲ့ပန်းချီကားတစ်ချက်ကို

ပိုတောက်လာအောင် ဆေးချယ်နေရလိုပဲ

ဂရုစိုက်ရင်းစုတ်ပျက်နေတဲ့

နှလုံးသားတစ်ခုဟာ အရောင်ခြယ်လေပေစွန်းလေပေါ့

လေနေတဲ့စိတ်ကိုထိန်းချုပ်ရင်း

နေ့သစ်တွေ့တောင်ညိုးမှိန်လာတယ်

ညှိနိုင်းမရတဲ့ သံဇဉ်တစ်ချို့နဲ့

နှလုံးသားချင်နီးစက်ဖို့က လိုအုံးမယ်ထင်ပါရဲ့

အလွမ်းတွေနဲ့ခင်းကျင်းထားတဲ့ပြဇာတ်တစ်ပုဒ်လိုပဲ

ငါ့အသည်းလည်း ဇာတ်မသိမ်းခင်

အပ်ကြောင်းထပ်နေပြီ။။။။။။။

By: Cherry Moon