Sunday, August 26, 2012

Cherry Moon

ငြိမ်သက်နေတဲ့

နှလုံးသား

ဒဏ်ရာတွေနဲ့

အိပ်ပျော်နေတာ

မင်းဘာကြောင့်

လှုပ်နိုးခဲ့သလည်း

မြတ်နိုးတယ်ဆိုလည်း

တန်ဖိုးတော့

ထားသင့်တာပေါ့

ကြိုက်တယ်ထင်လို့

ခဏကိုင်ကြည့်

ပိုလှတဲ့အရာတွေ့မှ

ပြန်ထားခဲ့ရအောင်

ငါကအလှပြထားတဲ့

ကုန်ပစ္စည်းမဟုတ်ဘူး

ဒီမှာ...ချစ်သူ

နင်ဂရုစိုက်ဖို့မေ့နေရင်လည်း

ငါ့အသည်းကိုပြန်လာပေး

နွေးထွေးတဲ့တစ်နေရာမှာ

ငါထာဝရသိမ်းဆည်းလိုက်မယ်

နောက်တစ်ခါတော့

ပြန်လာမတောင်းနဲ့

သူ့မှာပိုင်ရှင်ရှိချင်ရှိနေမှာ.....

By: A Gyi

No comments:

Post a Comment