
ခံစားနေရမယ်ဆိုတာ
ငါသိပါတယ်
မင်းငါ့ကို ပျော်နေစေချင်တယ်ဆိုတာ
ငါသိပါတယ်
မင်းငါ့အပေါ်လေးနက်တယ်ဆိုတာ
ငါတစ်ချက်မင်းမျက်ဝန်းကို
ငေးစိုက်ကြည့်ဖူးတယ်
တွေ့လိုက်ရပါတယ်
မင်းရင်ထဲက အချစ်တွေကို
ငါနောက်တစ်ခါတော့
ဒီမျက်ဝန်းတွေနဲ့
ရင်မဆိုင်ပါရစေနဲ့ဟာ
ငါ့နှလုံးသားကို တစ်စုံတစ်ရာက
ချည်နှောင်ထားလို့ပါ
ငါလှည့်စားတဲ့သူ မဖြစ်ချင်ဘူး
ရိုးသားတဲ့မင်းရင်ထဲမှာ
ဖြူစင်တဲ့မင်းနှလုံးသားထဲမှာ
ငါဆိုတဲ့ အရာတစ်ခုကြောင့်
အရောင်တွေမစွန်းစေချင်ဘူး
စစ်မှန်တဲ့ အရိပ်ကိုခိုလှုံချင်တဲ့မင်း
စစ်မှန်တဲ့ နွေးထွေးမှုကို
တွေ့ခဲ့ရင် မင်းရင်ထဲမှာ
ငါဆိုတာ အလိုလို
ပျောက်ကွယ်သွားမှာပါ
ထာဝရအတွတ်တော့
မင်းရဲ့ မိတ်ဆွေ "ငါ"
ဖြစ်ခွင့်ရချင်တယ်....
By: Cherry Moon
No comments:
Post a Comment