Monday, September 3, 2012

နုံအလို့  ယုံကြည်ပေးခဲ့တာမဟုတ်ဘူး

နင်အောင်လံထူနိုင်ဖို့

ခက်ပြုံးပြုံးလေးခေါင်းညိတ်ပေးခဲ့ရုံပါ

လိမ်လို့ ဝပြီလား

လိမ်ရချင်းရဲ့အောင်မြင်မှုကို

စားသုံးပြီးရင် နင် သိပ်ပျော်တယ်ဟုတ်

ကျေနပ်ပြီးရင်းကျေနပ်နေတဲ့

မင်းရဲ့အောင်မြင်မှုအတွက်

ငါ လက်ခုတ်တီးပေးမယ်

လိမ်ပါ ညာပါ နင်ကျေနပ်တဲ့ထိ

ငါအလိမ်ခံနေမယ်

ကျေနပ်ပြီဆိုရင်လည်း

နောက်တစ်ယောက်ကို ဆက်လိမ်ပါအုံး

ကျေကွဲခြင်းတစ်ချို့သယ်ဆောင်ပြီး

ငါကတော့နောင်တတွေနဲ့ဝေးနေသေးတယ်

လွယ်လွယ်ကူကူမမုန့်းတက်တော့

လှည့်စားရက်သူ မင်းရဲ့အပြုံးတွေအောက်မှာ

ငါကတစ်ထောင့်တစ်ညသားကောင်ပေါ့ဟာ

အရာရာ အရှုံးပေးခဲ့ရတော့

ကျရှုံးခြင်းကိုတောင်

အရေထူထူနဲ့ ခံယူတက်နေပြီ

အပင်ပင်လိမ်နေတဲ့နင့်ကကြိုးအတွက်

ခဏလောက်ပြန်သုံးသပ်စမ်းပါ

အရှုံးပေးလိုက်သူတစ်ယောက်ရဲ့

မာနက အရာရာ ထက်

ထက်မြတ်တာနင်သိလား

ကျရှုံးခြင်းမှာ နာကျင်မှုရှိချင်ရှိမယ်

အရှုံးပေးချင်းမှာ နောင်တမရှိဘူးဟ

နင်ကတော့အစိတ်တွေကို

ပီတီတွေနဲ့ အရောင်တင်ထားတုန်းဘဲ

သတိတော့ထားပေါ့ဟာ

သားကောင်တွေ့တိုင်းထောင်ခြောက်ဆင်မနေနဲ့

ကိုယ့်ကြော့ကွင်းနဲ့ကိုယ်လည်းပြန် ပြန်ငြိနေအုံးမယ်...
 

By: cheery moon

Wednesday, August 29, 2012

အလွမ်းဆိုတဲ့ နန်းတော်ကြီးထည်းမှာ

မျှော်လင့်ချက်တွေ ဆောင်ရောင်ပြီး

ငါ့ကိုပျော်စေတယ်တဲ့လား
...

နှလုံးတစ်ခုလုံး ရင်းခဲ့ပြီးမှတော့

ဒီအလွမ်းတောထည်းမှာ

ပျော်သလိုသာ...ငါ...နေလိုက်ပါ့မယ်

မနေ့ကတော့ ဒီအလွမ်းနဲ့

ငါအိပ်စက်တယ် မနက်ဖြန်တိုင်းလည်း

ဒီအလွမ်းနဲ့ပဲ ငါနိုးထတယ်

ဒီနေ့ညလည်း မင်းအကြောင်းတော့

တွေးဖြစ်အုံးမှာပဲ....

နွေးထွေးတဲ့ရင်ခွင်ကို ငါ တမ်းတရင်း

မနက်ခင်း ရောင်ခြည်ကိုပဲ

အပြုံးတစ်ပွင့်နဲ့နုတ်ဆက်လိုက်တယ်

အချိန်နဲ့အမျှ နတ်လာတဲ့ဒဏ်ရာ

အဆင်ပြေသလိုကုစား

အမှားတစ်ချို့ကို ပြင်ဆင်ရင်း

ငါ့ကိုယ်ငါပဲ အားပေးလို့

သံဇဉ် အပြင်းစားတစ်ပုဒ်နဲ့

ဖြေသိမ့်လိုက်ပါ့မယ် အဝေးကချစ်သူရယ်။။။။။။။။။။။

By: Cherry Moon

Sunday, August 26, 2012

Cherry Moon

ငြိမ်သက်နေတဲ့

နှလုံးသား

ဒဏ်ရာတွေနဲ့

အိပ်ပျော်နေတာ

မင်းဘာကြောင့်

လှုပ်နိုးခဲ့သလည်း

မြတ်နိုးတယ်ဆိုလည်း

တန်ဖိုးတော့

ထားသင့်တာပေါ့

ကြိုက်တယ်ထင်လို့

ခဏကိုင်ကြည့်

ပိုလှတဲ့အရာတွေ့မှ

ပြန်ထားခဲ့ရအောင်

ငါကအလှပြထားတဲ့

ကုန်ပစ္စည်းမဟုတ်ဘူး

ဒီမှာ...ချစ်သူ

နင်ဂရုစိုက်ဖို့မေ့နေရင်လည်း

ငါ့အသည်းကိုပြန်လာပေး

နွေးထွေးတဲ့တစ်နေရာမှာ

ငါထာဝရသိမ်းဆည်းလိုက်မယ်

နောက်တစ်ခါတော့

ပြန်လာမတောင်းနဲ့

သူ့မှာပိုင်ရှင်ရှိချင်ရှိနေမှာ.....

By: A Gyi

Saturday, August 25, 2012

အသဲကွဲကောင်လေး

ငါပေးခဲ့တဲ့အချစ်က

ယုံကြည်ချက်နဲ့ အုပ်မြစ်ချခဲ့တာ ချစ်သူ

မခိုင်လုံတဲ့အကြောင်းပြချက်နဲ့

လမ်းခွဲဖို့မပြောပါနဲ့လား

ငါမင်းကိုကျောခိုင်းဖို့မဆိုထားနဲ့

အတွေးထည်းမှာတောင်မဝေးရဲသူပါ

လူဆိုတာ မာနနဲ့ပဲဟာ...

နှလုံးသားတစ်ခုလုံး

အနင်းခြေခံလိုက်ရမှတော့

နည်းနည်းတော့ခံပြင်းတာပေါ့

ငါကအချစ်ကို ဆော့ကစားတဲ့သူမဟုတ်သလို

အချစ်ကိုလည်း မကိုးကွယ်ခဲ့ဘူး

ဒါပေမဲ့ အရာအားလုံးထက်

မင်းကိုမြက်နိုးတယ်

မလိုအပ်တဲ့ ပုဒ်မှတ်တွေနဲ့

တမင်သက်သက်နာကျင်အောင်

ငါ့အသည်းကို အလဲမထိုးနဲ့ ချစ်သူ

ဒီလူရင်မှာဘယ်လောက်နာကျင်လည်းမင်းသိလား

အဆင်ပြေလားလို့တော့မမေးလိုက်နဲ့နော်

အဆင်ပြေပါတယ်လို့ ငါ မုသားမသုံးချင်ဘူး

တစ်ခုတော့ တောင်းဆိုပါရစေ

တွေဝေနေတဲ့မင်းနှလုံးသားထည်းမှာ

ငါဆိုတာ ရေးရေးလေးရှိနေသေးရင်

ခက်ဝေးဝေးကဖြစ်ဖြစ်

အားအင်တွေပေးပါအုံးချစ်သူရယ်

ငါဒီအားလေးနဲ့

မင်းနဲ့နီးဖို့ကြိုးစားချင်သေးတယ်။။။။။။။။။။
By: A Gyi

Friday, August 24, 2012

Cherry Moon

ချစ်ပါတယ်လို့ အကြိမ်ကြိမ် ငါ့အပါး

နားနဲ့မဆန့်အောင် ဆိုငြီးနေတက်တဲ့ချစ်သူ

လေထည်းကချစ်သူရေ...

ဒီရင်ဘက်တစ်ခြမ်းမှာတော့

နင့်တေးသွားလေးတစ်ချို့နဲ့

လမင်းသာလိုက် လမိုက်လိုက်ပေါ့

တစ်ခါတစ်လေတော့လည်း

ငါ့ကောင်းကင်က မြစ်တစ်စင်းစီးဆင်းနေလေရဲ့

အရောင်မှိန်နေတဲ့ပန်းချီကားတစ်ချက်ကို

ပိုတောက်လာအောင် ဆေးချယ်နေရလိုပဲ

ဂရုစိုက်ရင်းစုတ်ပျက်နေတဲ့

နှလုံးသားတစ်ခုဟာ အရောင်ခြယ်လေပေစွန်းလေပေါ့

လေနေတဲ့စိတ်ကိုထိန်းချုပ်ရင်း

နေ့သစ်တွေ့တောင်ညိုးမှိန်လာတယ်

ညှိနိုင်းမရတဲ့ သံဇဉ်တစ်ချို့နဲ့

နှလုံးသားချင်နီးစက်ဖို့က လိုအုံးမယ်ထင်ပါရဲ့

အလွမ်းတွေနဲ့ခင်းကျင်းထားတဲ့ပြဇာတ်တစ်ပုဒ်လိုပဲ

ငါ့အသည်းလည်း ဇာတ်မသိမ်းခင်

အပ်ကြောင်းထပ်နေပြီ။။။။။။။

By: Cherry Moon

Tuesday, August 21, 2012


ပရိသတ်ကောင်မလေး ( Inspirit girl )



ခုရက်ပိုင်း ငါ့စိတ်တွေ
နင့်ဆီပဲ ရောက်ရောက်နေခဲ့…
ဖြစ်နိုင်မယ်ဆိုရင်လေ
ငါက နင်ရှိတဲ့နေရာဆီတောင်
အပြေးလာချင်နေသူပါ ။
သြော်…
ငါ့အတွေးတွေ ငါ ငေးကြည့်ရင်း
ခနဲ့တဲ့တဲ့ လှောင်ရယ်ချင်သေး..
ငါ ပြေးလာလို့ကော ဘာထူးမှာမို့လဲ ?
နင်ကမှ ငါ့ကို မသိဘဲ ကောင်လေးရယ် !
ဘယ်သူ့ပယောဂမှ မပါတဲ့ဒဏ်ရာတချို့နဲ့
ငါ့ဘာသာငါပဲ နာကျင်နေခဲ့ရတယ် ။
တကယ်ပါ…
နင်နဲ့ပတ်သက်လာရင်
အသေးအဖွဲလေးကအစ
ငါ မြတ်မြတ်နိုးနိုး
တန်ဖိုးထားတတ်ခဲ့တယ် ။
ဒါပေမဲ့ ငါ့အချစ်တွေက
တစ်ဖက်သတ်ဘ၀မှာပဲ
ကျင်လည်နေခဲ့ရတာ ...
တစ်နှစ်ကျော်ကြာခဲ့ပေမဲ့
ငါ ပျော်ပါတယ် My Prince…
သူငယ်ချင်းတွေက ပြောကြရဲ့…
နင် ရူးနေတာ…တဲ့ ။
အချစ်အတွက် အရူးတစ်ယောက်လို့
သတ်မှတ်ခံရပါစေဦးတော့…
ငါ ပြုံးနေမှာပါ ချစ်သူ ။ ။

By: မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)

Cherry Moon

ငါသိပါတယ် မင်း

ခံစားနေရမယ်ဆိုတာ

ငါသိပါတယ်

မင်းငါ့ကို ပျော်နေစေချင်တယ်ဆိုတာ

ငါသိပါတယ်

မင်းငါ့အပေါ်လေးနက်တယ်ဆိုတာ

ငါတစ်ချက်မင်းမျက်ဝန်းကို

ငေးစိုက်ကြည့်ဖူးတယ်

တွေ့လိုက်ရပါတယ်

မင်းရင်ထဲက အချစ်တွေကို

ငါနောက်တစ်ခါတော့

ဒီမျက်ဝန်းတွေနဲ့

ရင်မဆိုင်ပါရစေနဲ့ဟာ

ငါ့နှလုံးသားကို တစ်စုံတစ်ရာက

ချည်နှောင်ထားလို့ပါ

ငါလှည့်စားတဲ့သူ မဖြစ်ချင်ဘူး

ရိုးသားတဲ့မင်းရင်ထဲမှာ

ဖြူစင်တဲ့မင်းနှလုံးသားထဲမှာ

ငါဆိုတဲ့ အရာတစ်ခုကြောင့်

အရောင်တွေမစွန်းစေချင်ဘူး

စစ်မှန်တဲ့ အရိပ်ကိုခိုလှုံချင်တဲ့မင်း

စစ်မှန်တဲ့ နွေးထွေးမှုကို

တွေ့ခဲ့ရင် မင်းရင်ထဲမှာ

ငါဆိုတာ အလိုလို

ပျောက်ကွယ်သွားမှာပါ

ထာဝရအတွတ်တော့

မင်းရဲ့ မိတ်ဆွေ "ငါ"

ဖြစ်ခွင့်ရချင်တယ်....


By: Cherry Moon

Monday, August 20, 2012

လမင်းဆီသို့ တမ်းချင်း...




နင်နဲ့ငါ့ရဲ့ ကြားမှာ
ဘယ်လို နံရံတွေပဲ ခြားနားနေပါစေ
နင့်ကို မြင်တွေ့ခွင့် ရနေရုံလေး...
နင့်အသံကို ကြားသိခွင့် ရနေရုံလေး...
နင့်အပြုံးတွေကို ငေးကြည့်ခွင့် ရနေရုံလေးနဲ့တင်
ငါ ကျေနပ်တယ် My Prince…
ဟုတ်တယ်…ဘယ်အချိန်ပဲဖြစ်ဖြစ်
နင်ဟာငါ့အတွက် မင်းသားလေးပဲ ။
တစ်ခါတစ်လေတော့ ရင်နာမိရဲ့…
ဘာကြောင့်များ ငါ့အချစ်တွေကို
နင် မသိနိုင်ရတာလဲဆိုတဲ့အတွေးနဲ့
အွန်လိုင်းတက်တိုင်း စိတ်ပျက်ခဲ့မိတယ် ။
ဒါပေမဲ့…
နင့်အကြောင်း တွေးလိုက်ရုံလေးနဲ့တင်
ငါ့စိတ်ညစ်မှုတွေဟာ နေထိနှင်းလို
လွင့်ပြယ်ပျောက်ကွယ်သွားရတယ် ။
ကျေးဇူးပါ…ချစ်သူ ။ ။
 
By: မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)

Sunday, August 19, 2012

ရမည်းသင်းမြို့

မန္တလေးတိုင်း
















                                                   ရမည်းသင်းမြို့ မန္ထလေးတိုင်း

မန္တလေးတိုင်း အထဲမှာ ပါရှိပြီး နေပြည်တော်တပ်ကုန်း၊ ပျဉ်းမနား တို့နှင့် မနီးမဝေးမှာတည်ရှိတဲ့ ရမည်းသင်းမြို့ရဲ့အကြောင်းကို ဒေသခံတစ်ဦးအနေနဲ့ ပြောပြချင်ပါတယ်..။ ရမည်းသင်းမြို့ ရဲ့ မြို့တည်သက် က နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပါပြီ..။ ၂၀၀၄ ခုနှစ်က ၇၀၀ပြည့်ခဲ့တာပါ..။ ရမည်းသင်းအကြောင်းပြောပြရရင် တော့ ရမည်းသင်းစား သီလ၀ ရဲ့အကြောင်း လည်း မပါမဖြစ် ပြောပြဖို့လိုလာပါတယ်..။ ရမည်းသင်းစား သီလ၀ ဆိုတာ တစ်သက်လုံးမှာ ၃ ကြိမ် ပဲ ပြုံးတယ်လို့ နာမည်ကြီးတဲ့ ကုန်းဘောင်ခေတ်က သူရဲကောင်းမြို့စားတစ်ဦး ဖြစ်ပါတယ်…။ သူ့အကြောင်းကို သီးသန့်တင်ပေးဖို့ရှိပါတယ်..။ ရမည်းသင်းရဲ့ အဓိက ထွက်ကုန်တွေကတော့ စပျစ်သီး၊ ငရုတ်သီး ၊ ပဲအမျိုးမျိုး ၊ ကွမ်းရွက် နဲ့ နှမ်း တို့ပဲဖြစ်ပါတယ်..။ ဒေသတွင်း နာမည်ကြီး အစားအစာကတော့ တို့ဟူးကြော်နဲ့အချဉ်စပ်(ခရမ်းချဉ်သီးပန်ထွေဖျော်) ဖြစ်ပြီး ကန်စွန်းရွက်၊ ဂေါ်ဖီရွက် ၊ ပဲပင်ပေါက် ၊ နံနံပင် တို့နဲ့ တွဲဖက်ပြီး စားသုံးရပါတယ်..။ နာမည်ကျော် အစားအစာ နောက်တစ်မျိုးကတော့ မုန့်ပြားသလက်နဲ့အချဉ်စပ်(ခရမ်းချဉ်သီးပန်ထွေဖျော်)ဖြစ်ပြီး စားတော်ပဲ သို့ မဟုတ် ကြက်ဥ ၊ ဘဲဥ စတာတွေနဲ့ ကြွပ်ကြွပ်ရွရွ စားသုံးရင်ပဲဖြစ်ဖြစ် ၊ ပျော့ပျော့ အိအိ လေး သုံးဆောင်ရင်ပဲဖြစ်ဖြစ် တော်တော်စားလို့ကောင်းတာ တွေ့ရပါမယ်..။ အိုကေ ဒီနေ့တော့ ဒီလောက်ပါပဲ..။ နောက်ရက်ကျမှ ဆက်ပြောပြပါဦးမယ်..။ လာရောက်ဖတ်ရှုသူအားလုံးပျော်ရွှင်ပါစေ..။


ရမည်းသင်း က အရင်တုန်းက ရေအရမ်းရှားပါတယ်..။ အခုတော့ ရေ ရရှိမှုအနေအထား အရင်ကထက် ပိုကောင်းသွားပြီ လို့ ဆိုနိုင်ပါတယ်..။ အ၀ီစိတွင်းတွေအများကြီးနဲ့ ရေပိုက်လိုင်းတွေ သွယ်ခွင့်ရလာတဲ့အပြင် ၊ အင်ဂျင်နဲ့ ပိုက်ရေကြည် သွယ်တန်းပေးတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေလည်း ရှိလာလို့ပါ..။ ရမည်းသင်း ရဲ့ အဓိက ထွက်ကုန်တွေဖြစ်တဲ့ ငရုတ်ကိုတော့ ရမည်းသင်းပတ်ဝန်းကျင်မှာရှိတဲ့ ရွာကြီးတွေ နှင့် ကျေးရွာတွေမှာ စိုက်ပျိုးကြပါတယ်..သီးထပ်၊ သီးညှပ် အဖြစ်ရော .. ယာခင်းအဖြစ်ရောပေါ့ ။ ကွမ်းကိုတော့ ရမည်းသင်းရဲ့မြောက်ဖက်မှာရှိတဲ့ ရွာတန်း နဲ့ ရွှေဒါး ဆိုတဲ့ ရွာကြီးတွေမှာ စိုက်ပျိုးပါတယ်..။ အဲဒီရွာတွေမှာ စပျစ်ခြံတွေကိုလည်း အမြောက်အများ တွေ့နိုင်ပါတယ်…။ ရမည်းသင်း အရှေ့တောင်ဘက်မှာ ရှိတဲ့ သိမ်ကုန်း ဆိုတဲ့ ရွာကြီးမှာလည်း စပျစ်ခြံစိုက်ပျိုးသူ တော်တော်များများရှိပြီး ရမည်းသင်းထွက် စပျစ်သီးတွေကို ပြင်ဦးလွင်က စပျစ်ဝိုင် ထုတ်လုပ်သူ လုပ်ငန်းရှင်တွေနဲ့ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ အောင်ပန်း စတဲ့မြို့ကြီးတွေက မှာယူ စားသုံးကြပါတယ်။ နိုင်ငံခြား အိပ်စပို့တ် ကွာလတီ မှီတဲ့ စပျစ်တွေမို့ အခုဆိုရင် ပတ်ကင်ထုတ်ပြီး တရုတ်၊ စင်ကာပူ ၊ ထိုင်း နဲ့ မလေးရှား စတဲ့ နိုင်ငံတွေကို တင်ပို့နေပြီဖြစ်ပါတယ်..။
ရမည်းသင်းက တကယ်တော့ ခရိုင်မြို့ကြီးပါ..။ ရမည်းသင်းမြို့ စီဗီလိုင်းရပ်ကွက်ထဲမှာဆိုရင် အင်္ဂလိပ်ခေတ်က အရာရှိတွေရဲ့ အိမ်တွေ ၊ ရုံးကြီးတွေ ၊ အခြား ဗိသုကာလက်ရာတွေကို တွေ့နိုင်ပါတယ်..။ (ဓါတ်ပုံတွေတင်ပေးပါမယ်..)..။ ရမည်းသင်းမြို့ရဲ့နာမည်ကျော် ကျီးနီကန် ကြီး ရဲ့ ဘေးတစ်ဘက်မှာ ကန်ပေါင်လုပ်ထားပြီး ကန်ပေါင်ရဲ့အောက်ချိုင့်ထဲမှာ ယာခင်းတွေကို ပန်းချီဆန်ဆန်တွေ့မြင်နိုင်ပါတယ်.။ မကျီးပင်တွေ အတန်းလိုက်စီပြီး စိုက်ထားတဲ့ ကန်ပေါင်လမ်းတလျှောက်ကို မကျီးတန်းလို့လဲ ခေါ်ကြတယ်..။ မကျီးတန်းကို ဆုံးအောင် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို ညနေဘက် ဒါမှမဟုတ် မနက်စောစောဘက်တွေမှာ ဒေသခံတွေ ပြုလုပ်တတ်ကြတယ်..။ မကျီးတန်းအဆုံးမှာတော့ ရွာတွေကို တွေ့ရပါမယ်.။
ရမည်းသင်း ရဲ့ အရှေ့တောင်ဘက်မှာ ရွှေထွက်တဲ့တောင်ကြောတွေရှိပါတယ်။ မိုးထိမိုးမိတောင် ၊ ဆင်သေတောင် ၊ နှာပူးတောင် အစရှိတဲ့ တောင်ကြောတွေမှာ ၂၀၀၃ ခုနှစ်ကတည်းက ရွှေထွက်ရှိတာကို ဒေသခံတွေ သတိပြုမိခဲ့ကြပါတယ်..။ ၂၀၀၄-၂၀၀၅ မှာတော့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်လာကြပြီး အနယ်နယ်အရပ်ရပ်က လူမျိုးပေါင်းစုံ ရမည်းသင်းရွှေတောင်ဒေသကို ရွှေတူးဖော်ဖို့ ရောက်လာခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ တည်းခိုခန်း လုပ်ငန်း ၊ စားသောက်ဆိုင်လုပ်ငန်း ၊ ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း နဲ့ အခြား စီးပွားရေးလုပ်ငန်းတွေအားလုံး အသီးသီး တိုးတက်လာပါတော့တယ် တကယ်တော့ ရမည်းသင်းက နေချင်စဖွယ်ကောင်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ဒါကို သတိထားမိတဲ့ အချို့သော စီးပွားရေးလုပ်ငန်းရှင်တွေက ရမည်းသင်းမှာ အိမ်ခြံ မြေတွေ ၀ယ်ယူပြီးနေထိုင်လာတာကြောင့် အိမ်ခြံမြေဈေးနှုန်းလည်း တန်ဖိုးတစ်ခုအတိုင်းအတာ မြင့်မားစွာ ဖြစ်လာခဲ့ပါတယ်။ လူတွေစုံလာတာနဲ့အမျှ ရမည်းသင်းမှာ ဒုစရိုက်မှုအချို့လည်း များပြားလာတာတော့ အမှန်ပါပဲ..။ ဒါပေမယ့် စည်းလုံးမှုအပြည့်ရှိပြီး ၊ ရိုးသားတဲ့ ဒေသခံတွေများတဲ့ ဒီမြို့ မှာ ဘယ်လို ရာဇ၀တ်ဒုစရိုက်မှုမျိုးပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ပြေပျောက်ပြီး တရားခံပေါ်သွားတာချည်းပါပဲ.။ ရွှေတောင် ဒေသကို သွားချင်တယ်ဆိုရင်တော့ ရမည်းသင်းကနေ 4wd jeep တွေ စီး သွားရပါမယ်။ ရှုခင်းကောင်းကောင်းတွေ အမြောက်အများကို ကြည့်ရှုနိုင်ပြီး ရွှေတောင်ပေါ်က လုပ်ငန်းခွင်အသီးသီးကို လေ့လာချင်တယ်ဆိုရင်တော့ ရမည်းသင်းကနေ ကြိုဆိုလျှက်ပါ.. နောက်နေ့ ဆက်ပြောပြပါမယ်နော်..။ အားလုံးအတွက် ကံကောင်းတဲ့နေ့တစ်နေ့ဖြစ်ပါစေ..။
ရမည်းသင်း မြို့ ပေါ်မှာ ၀ါတိုးအရှေ့၊ ၀ါတိုးအနောက် ၊ ကြည်တော်ကုန်း ၊ ကျော်ဇင် ၊ အုန်းပင်၊ ရှမ်းဝိုင်း ၊ အောင်မင်္ဂလာ ၊ ရွှေကူ စတဲ့ မြို့ပေါ်ရပ်ကွက်ကြီး (၈)ရပ်ကွက် ရှိပါတယ်။ ခရိုင် ပြည်သူ့ဆေးရုံကြီးက ခုတင် ၃၀၀ အဆင့် ဖြစ်ပြီးတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန စတာတွေနဲ့ နီးပါတယ်။ ရမည်းသင်း ရွှေတောင်ဒေသအတွက် ကားဂိတ်ကို ရမည်းသင်းမြို့မဈေး အနီးက မြို့နယ်စည်ပိုင်ပိုင် မြေကွက်လပ်မှာ ဖွင့်လှစ်ထားပါတယ်..။  ၁၉၉၀ ကျော်လောက်က အဲဒီနေရာက မီးသတ်ဦးစီးဌာန ဖြစ်ပါတယ်။ အခုတော့ အဲဒီနေရာက ကထိန်ပွဲကျင်းပတဲ့အခါ ရုပ်သေးဇာတ်ရုံ တို့ ၊ ချားရဟတ်တို့ နေရာယူတဲ့နေရာဖြစ်လာပါတယ်။ ကျန်တဲ့အချိန်တွေအတွက် အဲဒီနေရာကို ရွှေတောင်သွားတဲ့ ကားဝင်း အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ရမည်းသင်း မြို့မဈေးထဲမှာ ၀ယ်လို့အကောင်းဆုံးဈေးသည်ကတော့ တို့ဟူးသည် ဖြစ်ပါတယ်။ ရမည်းသင်း တို့ဟူးက တခြားမြို့ က တို့ဟူးတွေနဲ့ အရသာ ချင်း ယှဉ်ရင် အများကြီးပိုသာတယ်လို့ စားဖူးသူတိုင်းက ဆိုပါတယ်။ တို့ဟူးရဲ့အရသာက မလေးမပေါ့ မဆိမ့်လွန်း မချိုလွန်း ပုံမှန်အနေအထားဖြစ်ပြီး သုပ်စားရင်ပဲဖြစ်ဖြစ် ၊ ကြော်စားရင် ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ မနက်ခင်းပိုင်းဆို မနက်စာအဖြစ် ဒေသခံတွေက တို့ဟူးနဲ့ ကြက်သွန်နီ၊ နံနံပင် စတာတွေကို ဆီ ၊ ဆား နဲ့ သုပ်ပြီး ထမင်းနဲ့တွဲဖက်စားသုံးတတ်ကြပါတယ်။ 

Written By: Aye Kyaut khaing @gmail.com

အဆင်မပြေဘူးးးးးးးးးးးးးးးး

အခါတစ်ရာမက ထပ်ပြောမယ်
မချူပါဘူး မQပါဘူး
မင်းထင်သလို မဟုတ်ပါဘူး
အချစ်ကို ယုံစားမှိလို့
ငါ့အသည်းလည်း
ကွဲကြေခဲ့တာ နင်မသိပါဘူး

မင်းနဲ့သက်ဆိုင်တဲ့အတွေးတွေလည်း
ဦးနှောက်ထဲမှာ ယောက်ယက်ခက်
အသက်ရှူကြပ်တာ နင်မသိပါဘူး

မဆီညှော်တဲ့ ဂျီတော့မှာလဲ
စကားပြောရတာ အဆင်မပြေဘူး
ငါ့စိတ်နဲ့ငါရန်တွေဖြစ်
နေ့စဉ်ရက်ဆက် နင်တက်မလာဘူး
စိမ်းမလာတော့တဲ့ နင့်အကောင့် လည်း
ကြက်ခြေခက်သာရှိနေဆဲ

ဒီလိုနဲ့ငါ စိတ်တွေပျက်
အတိတ်တွေထည်းမှာ အမြဲသာရူး
နာကျင်ဖူးတဲ့ ဒီအသည်းလဲ
အခါခါကွဲတာ မဆန်းတော့ဘူး

ငါလေအခု အဆင်မပြေဘူး
ဘာပဲလုပ်လုပ် အဆင်မပြေဘူး
ဘာတစ်ခုမှအဆင်မပြေဘူး
အဆင်မပြေဘူး အဆင်မပြေဘူး
အဆင်
ပြေဘူးးးးးးးး။။။။။။ 

 By: A ကြီး 

Cherry Moon

ငါရှင်သန်ရာကမ္ဘာထည်းမှာ

နင် ထာဝရရှိနေပေးပါ

ငါပျော်ရွှင်တဲ့အခါနင့်ကိုမျှဝေလို့

နင်ဝမ်းနည်းတဲ့အခါ

ငါ မျှယူပါရစေ

တစ်ခါတစ်လေမှာအချစ်က

ကြေကွဲခြင်းတွေပေးပြီး

တစ်ခါခါတော့ နွေးထွေးခြင်းတွေ

ပေးတက် သတဲ့....

ငါ့ကိုတော့နင် ကြိုက်တာသာပေးပါ

နင့်အတွက်တော့

နွေးထွေးခြင်းပဲဖြစ်စေရမယ်

ဖြူစင်တဲ့မေတ္တာနဲ့

နှောင်ဖွဲ့ခြင်းကင်းစွာ

လေးလေးစားစား ချစ်တာ ချစ်သူ

နင်မလိုအပ်တော့တဲ့တစ်နေ့

လွတ်လပ်စွာလည်း

ပြန်ထွက်သွားနိုင်ပါတယ်.....


By: cherrymoon 978@gmail.com

Saturday, August 18, 2012

ကောင်မလေးဖတ်ဖို့...

အကြင်နာဆိုတဲ့ ရွာလေး မှာ သံယောဇဉ်ဆိုတဲ့ ပန်းလေးတွေ ပွင့်နေတယ်
နားလည်ပေးပါဆိုတဲ့ ဥယျာဉ်ထဲမှာပေါ့ 
မြတ်နိုးမှု့ ဆိုတဲ့ ရနံ့တွေ ကြိုင်သင်းနေပြီး ခွင့်လွတ်တယ်ဆိုတဲ့ ပျားပုတုံး လေးတွေ ဝတ်ရည်ဆုတ်နေလေရဲ့
ဘေးနားက အတွယ်တာ မြက်ပင်တွေ ပေါက်နေတယ်လေ
ဆုံစည်းရာ ခုံတစ်ခုံ ရိုက်ထားပေးတယ် မင်းလာ ရင်ထိုင်ဖို့
ခုံလေး နံပါတ်က ၅၂၈ လေ
အေးမြခြင်းဆို တဲ့ စမ်းချောင်းဘေး လေ
အဲဒီ စမ်းချောင်းလေးကို တွေ့ဆုံခွင့် တံတားလေးက အသဲ ပုံဆန်ဆန်စောင့်ကြို ပြီး
သူနဲ့ မလှမ်းမကမ်း နှလုံးသား ပေပေါင်း၁၅၀၀ အရောက် မှာချစ်ခြင်း အပြည့် နဲ့ ချစ်ဆုံးတိုင် အိမ်လေးဟာ
ခံစားမှု့အပြည့်နဲ့ မင်းကိုစောင့်ကြိုနေပါတယ် ကောင်မလေးရယ်...

By: ဥယျာဉ်မှူး


Friday, August 17, 2012

မင်္ဂလာပါ....


ကျွန်တော့် ရဲ့ ဘလော့လေးကိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်..သူငယ်ချင်းတို့.ဖွင့်ဟချင်တဲ့ကဗျာလေးတွေ
စာပေလေးတွေကို ကဗျာချစ်သူများစာချစ်သူများသို့ ကျနော့်ဘလော့မှတဆင့် တင်ပြချင်လျှင်
.tenchuking@gmail.com  ကို ပေးပို့ထားနိုင်ပါတယ် ခင်ဗျာ... ကျေးဇူးတင်စွာဖြင့်........